Menu 1

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 3, 2014

သီးညှပ်စိုက်ပါ စီးပွားရေးကမ္ဘာ(MLM)

သီးညှပ်စိုက်ပါ စီးပွားရေးကမ္ဘာ(MLM)
ကြက်သွန်ခင်းအတွင်း သီးညှပ်အဖြစ် ဖူးစားပြောင်းနှင့် 
ဝါခင်းအတွင်း ပဲယဉ်းကို သီးညှပ်အဖြစ် စိုက်ပျိုးထားသော စိုက်ခင်းများကို တွေ့ရှိရပါသည်။
သီးညှပ်၏ သဘောမှာ မတူညီသော သီးနှံနှစ်မျိုးကို ရောနှော စိုက်ပျိုးထားခြင်း ဖြစ်ပါသည်။ 
ဖော်ပြပါ ကြက်သွန်ခင်းတွင် ကြက်သွန်စိုက်ပျိုးရန်အတွက် ထွန်ရေးမှအစ အလုပ်သမားအဆုံး
ကုန်ကျစရိတ်အဖြစ် ရင်းနှီးမြှုပ်နှံမှု တစ်စုံတစ်ရာပြုလုပ်ရပါသည်။ သီးညှပ်အဖြစ် စိုက်ပျိုးသော
ဖူးစားပြောင်းမှာမူ ထွန်ရေး၊ ထယ်ရေး၊ အလုပ်သမားစရိတ် ကုန်ကျရန်မလိုဘဲ ပြောင်းမျိုးစေ့က
ို စိုက်ဘောင်တလျောက် ကြဲချခဲ့ရန်သာ လိုပါသည်။ မျိုးစေ့ဖိုးမှလွဲ၍ အခြားပြုစုကျွေးမွေး
စောင့်ရှောက်စရိတ် အထူးမလိုအပ်ပါ။ ကြက်သွန် အတွက် ဓာတ်မြေသြဇာ ကျွေးခြင်း၊
ရေသွင်းခြင်း၊ ပေါင်းသင်ခြင်း ပြုလုပ်ပါက ပြောင်းပင်သည်လည်း
ကြက်သွန်နည်းတူ ခံစားရပါသည်။

ကြက်သွန်သည် ပင်မစီးပွားရေးဖြစ်ပြီး ဖူးစားပြောင်းသည် အပိုဝင်ငွေ ဖြစ်ပါသည်။
သူ့အတွက် သီးခြားရင်းနှီးမြှုပ်နှံမှု မရှိပါ။ ဖူးစားပြောင်း ဈေးကွက် ခိုင်မာသောနှစ်တွင်
ပင်မသီးနှံအဖြစ် ပြောင်းလဲ၍ သင့်တော်ရာအခြားသီးနှံကို သီးညှပ်အဖြစ် ပြောင်းလဲ စိုက်ပျိုးနိုင်ပါသည်။

MLM လုပ်ငန်းတွင်လည်း လက်ရှိမိမိ၏
အသက်မွေးဝမ်းကျောင်းစီးပွားရေးသည် ၀န်ထမ်းတစ်ဦး ဆိုကြပါစို့။
ဝန်ထမ်းအချင်းချင်း အားလပ်ချိန် ထမင်းစားချိန်များမှာ အထူးအချိန်ပေးစရာမလိုဘ
ရောက်တတ်ရာရာ ပြောဖြစ်ကြပါသည်။ ထိုသို့ အကြောင်းအရာများကို ပြောမည့်အစား
MLM စီးပွားရေးစနစ် အကြောင်း၊ ကျန်းမာရေး မကောင်းသော ၀န်ထမ်းများ၊ ဆွေမျိုးများ
အတွက် ဓာတ်စာနှင့် ဖြည့်စွက်စာများအကြောင်း၊ လူငယ်ဝန်ထမ်းများအတွက်
အလှကုန်များအကြောင်း အခြားဆပ်ပြာ၊ သွားတိုက်ဆေး၊ ကော်ဖီကဲ့သို့
လူသုံးကုန်ပစ္စည်းများအကြောင်းကို ကုသိုလ်ဖြစ် သတင်းကောင်း ဝေငှ မိတ်ဆက်နိုင်ပါသည်။
အခြားအကြောင်းအရာများသည် တစ်ခါတစ်ရံ၌ အပြောမှား၊ အဓိပ္ပာယ်ကောက်မှား၍
စကားရှင်းရပါက မိမိဂုဏ်သိက္ခာ ထိခိုက်နိုင်ပါသည်။ MLM အကြောင်းနှင့်
ထုတ်ကုန်များအကြောင်းမှာ မိမိရော နားထောင်ပေးသူ မိတ်ဆွေပါ
နှစ်ဦးနှစ်ဖက် အကျိုးရှိသော မင်္ဂလာစကားဖြစ်ပါသည်။
MLM သည် လူတစ်ယောက်၏ စိတ်ကူးယဉ်ဘ၀ကို အကောင်အထည်ဖော်ရန်
အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရသော် မိမိ၏ ပင်မစီးပွားရေး၊
ဝန်ထမ်းလုပ်ငန်း ( အခြားအသက်မွေးဝမ်းကျောင်း စီးပွားရေးများအပါအ၀င်)
လည်း မပျက်ကွက်ဘဲ အကျိုးရှိသော စကားကို ပြောခြင်းသည် မင်္ဂလာတစ်ပါးမည်သည်ဟု
ရှေးအဆိုအမိန့် ရှိခဲ့သည့်အတိုင်း ပြောဆို (သီးညှပ်စိုက်ပျိုး) ခိုင်းပါသည်။ MLM မှ
ဝင်ငွေခိုင်မာခဲ့သော် ယခင်ပင်မစီးပွားရေးသည် သီးညှပ်သီးနှံအဖြစ် ပြောင်းလဲရောက်ရှိသွားပါသည်။
သတင်းခေတ် ၂၁ ရာစုတွင် အရင်းမလိုဘဲ မိမိ၏ မိသားစုနှင့် မိတ်ဆွေများ၏ ကျန်းမာခြင်း၊
ချမ်းသာခြင်း၊ အောင်မြင်ခြင်းများကို လက်ရှိ ပင်မစီးပွားရေး၊ စီးပွားရေး စိုက်ခင်းအတွင်းသို့
MLM သီးညှပ်သီးနှံ ယူဆောင် စိုက်ပျိုးခြင်းဖြင့် စိတ်ကူးယဉ် မိသားစုဘ၀ကို တည်ဆောက်နိုင်ရန်
အချိန်မရသူ မိတ်ဆွေများအတွက် ပမာတင်စား သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား....။

Credit – Lucky Time

Adf ဖြင့်ငွေရှာနည်း

Adf ဖြင့်ငွေရှာရန် အောက်ကလင့်ကိုနှိပ်ပြီး Register လုပ်ပါ..
ပုံမှာကြည့်ပါ... Adf Register လုပ်ရန် Join Now ဆိုတာကိုနှိပ်ပါ..



အောက်ဖောင်မှာ လိုအပ်တာတွေကိုဖြည့်ပေးပါ..

 I agree to the terms and conditions.မှာ မှန်ဖြစ် ဖြစ်ခဲ့ပြီး Join  ကိုနှိပ်ပါ
....


That username (ဒီနေရာမှာ မိမိနာမည်ပါ) is already in use 
ဒီလိုစာလေးပေါ်လာရင် Log in ဝင်လို့ရပြါ

Download လုပ်နည်း

Download Link ကိုနှိပ်ပြီး Please Wait 5 second ဆိုတာပေါ်လာမှာပါ..


အောက်ကပုံကိုကြည့်ပါ.....ညာဘက်က အပေါ် ထောင့်မှာ SKIP AD ဆိုတာကိုနှိပ်လိုက်ပါ..

SKIP AD ကိုနှိပ်ပြီးရင် Download link ပေါ်လာပါပြီး
Direct download ဆိုတာကိုနှိပ်ပြီး ဒေါင်းလို့ရပါပြီး
တစ်ချို့ဆိုဒ်တွေကတော့ Direct download အောက်မှာ
 Direct download ဆိုတဲ့စာကိုနှိပ်ပြီးဒေါင်းရမှာပါ...
ဒီပုံကတော့ Solidfiles ကိုသုံးထားတာပါ..


အောက်ကပုံကတော့ DropBox သုံးထားတာပါ..

အဆင်ပြေပါစေ...

ဖုန်းနံပါတ်အလှ ရောင်းဝယ်ရေး 1